Posts

Showing posts from February, 2019

ဓနုတိုင်းရင်သားများ

ဓနု(တောင်ရိုး)တိုင်းရင်းသား ################## ဓနုလူမျိုးဟူသည် ၊ ရှေးကရှမ်းပြည်မြေလတ်ပိုင်း နယ်တစ်ကြောတွင်သာ နေထိုင်ကြသည်မဟုတ် မိုးကုတ် မိုးမိတ် မြောက်ပိုင်းရှမ်းပြည် ကျောက်မဲ သီပေါ နောင်ချို မေမြို့အနီးတဝိုက်နှင့်ရွာငံ ပင်းတယ အောင်ပန်းနယ် ကလောနယ် ရပ်စောက်နယ် တောင်ကြီးနယ် ဟဲဟိုးနယ် တီကျစ် ပင်လောင်းမှစ၍ ပျဉ်းမနား အရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတလျောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက်တောင်တန်း တောင်ကြား လွင်ပြင်မြင့်များ၌ အနှံ့အပြားနေထိုင်ခဲ့ကြသည်ဟု သမိုင်းသုတေသီများက ဖော်ပြခဲ့ကြသည်။ မြေလတ်ဒေသဟူသည် တောင်ရိုးလူမျိုးများလည်း နေထိုင်ကြသည့် ပင်းတယမြို့နယ် ရွာငံမြို့နယ် ကလောမြို့နယ် အတွင်းရှိ နယ်မြေများဖြစ်သည်။ ဓနုလူမျိုး ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်၍ -- ဓနုတို့သည် ပရက်ဆိုသော အမျိုးအနွယ်မှ ဆင်းသက်လာပြီး မွန်တို့နှင့်နီးစပ်သည်ဟု ဓနုအမျိုးသားများက ပြောကြသည် ဟုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော တိဗက်တိုဘားမင်းအုပ်စုထဲမှ ရခိုင် ထားဝယ် တောင်ရိုး အင်းသား ရဘိန်း ဓနု ယော စသည့်လူမျိုးများပါဝင်သော အရှေ့တိဗက်တိုဘားမင်းမျိုးနွယ်စုထဲမှ မြန်မာအဆက်အနွယ်များသာ ဖြစ်ကြသည် ဟူ၍လည်းကောင
Image
စော်ဘွားတောင် (၄၀၉၆ ပေ) ~~~~~~~    မေမြို့ရဲ့ အရှေ့တောင်ဖက်မှာ ဒေသတွင်းအမြင့်ဆုံးတောင်ဟု သတ်မှတ်ခံထားရသည့်တစ်တစ်တောင်တည်ရှိနေပါတယ်။ ရှမ်းစော်ဘွားကြီးတစ်ဦးကို အစွဲပြုပြီး စော်ဘွားတောင် ဟု အမည်တွင်ပါတယ်။ တောင်ရဲ့ အမြင့်ပေမှာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၉၆) ပေ ဖြစ်ပြီး တောင်ခြေမြေပြင်မှတောင်ထိပ်ထိ အမြင့်ပေကတော့ (၁၀၅၀) ပေခန့်မြင့်မားပါတယ်။ 21° 59' 43" N 96° 32' 34" E sea level 4813 ft    မေမြို့ မြို့ရှောင်လမ်းမမှတစ်ဆင့် ကြီးကိုင်ရွာ သို့ လမ်းခွဲအတိုင်းသွားရပြီး အင်းယားရွာ သင်္ဂတုံရွာ များကိုဖြတ်သန်းကာ ကျိုင်းတောင်းရွာတောင်ခြေ ကျိုင်းတောင်းကျောင်းတိုက်မှ တောင်တက်ခရီးစတင်ရပါတယ်။     စော်ဘွားတောင်ဟု အမည်တွင်ပုံမှာ ..... ရှေးခေတ်က ထိုဒေသမှာ ဘုန်းတန်ခိုးကြီးမားသော ရှမ်းစော်ဘွားကြီးတစ်ဦး မင်းလုပ်အုပ်ချုပ်ခဲ့သည်။ စော်ဘွားကြီးမှာ သားတော်တစ်ပါး ရှိပြီး သားတော်ကို အိမ်ရှေ့စံမင်းသား အရာထားရှိခဲ့သည်။ အိမ်ရှေ့စံမင်းသားလေးမှာ သနားကြင်နာတတ်သော စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်ပြီး မိဘမဲ့ ရှမ်းညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ခွန်ချို နှင့် ခွန်သာ ကို ခေါ်ယူမွေးစားခဲ့သည်။ ခွန်ချိ
ပင်မမီနူးကို ဖွင့်ရန် ဝီကီပီးဒီးယားβ Show my notifications သင်ဂတုံ ပြင်ဆင်စောင့်ကြည့်ခြင်းကို ရပ်တန့်ရန် Learn moreဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ သင်ဂတုံ ကျေးရွာသည် ပြင်ဦးလွင်မြို့နယ် အမှတ်၁ နယ်မြေတွင်ပါဝင်ပါသည်။ သင်္ဂတုံ ကျေးရွာသည် မန္တခေလးတိုင်းဒေသကြီး၊ပြင်ဦးလွင် ခရိုင် ပြင်ဦးလွင် မြို့နယ် အမှတ် ၁ နယ်မြေတွင်ပါဝင်ပါသည်။ကျေးရွာအုပ်စုရွာတရွာဖြစ်ပြီး သရက်ကုန်းရွာ ၊ရေမောင်းကုန်း ရွာ တို့ပါဝင်ပါသည်။ အရှေ့ဖက်တွင် ကျိုင်းတောင်း ရွာ၊ တောင်ဖက်တွင် သရက်ပင်အင်းရွာ၊ အနောက်ဖက်တွင် ရေမောင်းကုန်းရွာတို့ထိစပ်နေသည်။ ကျေးရွာတွင် လျှပ်စစ်မီးရရပြီး၊ကျေးလက်ဆေးပေးခန်းတခု၊အလယ်တန်းကျောင်းတကျောင်း ရှိသည်။လူမျိုးများမှာ ဓနု လူမျိုးများဖြစ်၍ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်။ သင်ဂတုံ ကျေးရွာ Lua error in Module:Location_map at line 357: Malformed coordinates value.သင်ဂုံတည်နေရာ ကိုဩဒိနိတ်: {{coord]]display=inline,title|format=dms}} XH9H+MX Thinkadon] နိုင်ငံ  မြန်မာ တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး ခရိုင် ပြင်ဦးလွင်ခရိုင် မြို့နယ် ပြင်ဦးလွင်မြို့