Posts

Showing posts from December, 2018

ရှမ်းပြည်မှ လေ့လာစရာများ၊ Shan state, Burma

Image
#ရှမ်းပြည်နယ် ရှမ်းပြည်နယ်ဟာမြန်မာနိုင်ငံမှာအကြီးဆုံး ပြည်နယ်ဖြစ်ပါသည်။အုပ်​ချူပ်​​ရေးလွယ်​ ကူးစေရန်​တောင်​ပိုင်းမြို့​တော်​ကို ​တောင်​ကြီးအဖြစ်​ သတ်​မှတ်​ထားသည်​။ အကျယ်​အဝန်းက​တော့ ဧရီယာစတုရန်းမိုင်​​ပေါင်း (၆၁၁၂၃) မိုင်​ကျယ်​ဝန်းသည်​။ ရှမ်းပြည်နယ်ကို၃ပိုင်းခွဲခြားထားခဲ့ရာရှမ်း၃ရှမ်းဖြစ်လာခဲ့ပါသည်။ရှမ်းပြည်နယ်ရဲ့ မြို့တ်ာဟာ ပေပေါင်း၄၇၁၂ပေရဲ့အထက် မှာတည်ရှိနေတဲ့တောင်ကြီးမြို့လေးပါ။ ရှမ်းပြည်နယ်တွင်ရှမ်း - ရှမ်း၊ဓနု၊ ယွန်း(လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအိကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း ဟူ၍ ရှမ်းအနွယ်ဝင် ၃၃မျိုးနှင့် အခြားတိုင်းရင်းသားများနေထိုင် ကြပါသည်။တိုင်းရင်းသားတို့စုပေါင်းနေထိုင်ပြီးဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ကာ၊အစ္စလာမ်၊ခရစ်ယာန်၊အိန္ဒူ၊စတဲ့အခြား ဘာသာဝင်တွေ့လည်းအနည်းအငယ် နေထိုင်ကြပါသည်။ 🏃#မဖြစ်မနေသွားသင့်သောနေရာများ #မြန်မာနိုင်ငံ၏အ

ဓနု သမိုင်း

Image
ဓနု သမိုင်း 🌟🌟🌟 ကျွန်တော်တို့ဓနုလူမျိုးတွေဟာ လူဦးရေ ၆ သိန်းကျော်ရှိပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာ နံပါတ် ၁၀ မြောက် လူဦးရေ အများဆုံးလူမျိုးပါ။ အနီးစပ်ဆုံး အာဆီယံ နိုင် ငံထဲမှာ ဘရူနိုင်း နိုင် ငံ ကလူဦးရေ ၄ သိန်းကျော်ရှိတဲ့အတွက် ဘရူနိုင်းထက်တောင် လူဦးရေများပါတယ်။ Countries under 500000 of population လို့ရိုက်ပြီး Goog le မှာ ဝင်၍ ကြည့်လိုက်ပါ။ လူဦးရေ ၅သိန်းအောက် နိုင် ငံပေါင်း ၆၀ ကျော်ရှိတာ တွေ့ရမှာပါ။ ဆိုလိုတာက ဓနုဆိုတာ နိုင် ငံတကာနဲ့ နှိုင်းယှဉ်ရင် တောင် မှ လူမျိုးကြီးဖြစ်ပါတယ်။       ##ဓနုဘိန္နကရာဇ်မင်းကြီး          -------------------------    BC450-တကောင်းပြည်ကြီး ပျက်စီးသောအခါ ဘိန္နကမင်းကြီးသည် ဗိုလ်ခြေအလုံးအရင်းနှင့် မလည်ချောင်အရပ်ဒေသသို့ ဝင်၍နေလေသည်။       ဘိန္နကမင်းကြီး ကံကုန်သောအခါ ဗိုလ်ပါအလုံးအရင်းတို့ အုပ်စု(၃)စု ကွဲကြကုန်သည်။တစ်စုက အရှေ့မျက်နှာ(နောင်ရာဇဝင်များက ရှမ်းဟုအရေးမှား)ဓနု (၁၉)ခရိုင် တည်ထောင်ကြသည်။    နောက်တစ်စုကား ဧရာဝတီမြစ်ကို စုန်ခဲ့၍ (ပျူ မြန်မာ၊ကမ်းယံရခိုင်၊သက်ကတူး)အရပ် သုနာပရန္တတိုင်းသို့ ဝင်ကြသည်။    နောက်တစ်စုကား မိဖုရားကြီး နာဂစိန်နှင့်ေ

တိုင်းရင်းသား ၁၃၅ မျိုး အကြောင်း

တိုင်းရင်းသား ၁၃၅မျိုး ၁။ ဗမာ - ၉မျိုး ၂။ ကချင် - ၁၂မျိုး ၃။ ကယား - ၉မျိုး ၄။ ကရင် - ၁၁မျိုး ၅၊ ချင်း - ၅၃မျိုး ၆။ မွန် - ၁မျိုး ၇။ ရခိုင် - ၇မျိုး ၈။ ရှမ်း - ၃၃မျိုး ……………………………………………………………… စုစုပေါင်း - ၁၃၅မျိုး ……………………………………………………………… #ဗမာ - ၉မျိုး ၁။ ဗမာ ၂။ ထားဝယ် ၃။ မြိတ် ၄။ယော ၅။ ရဘိန်း ၆။ ကဒူး (ခုံးကူး) ၇။ဂဏန်း ၈။ ဆလုံ ၉။ ဖုန်း (ဖွန်) #ကချင် - ၁၂မျိုး ၁။ ကချင် ၂။ ကရို ၃ ။ ဒလောင် ၄။ ဂျိန်းဖော ၅။ ဂေါ်ရစ် ၆ ။ခခု ၇။ ဒုရင် ၈။ မရု(လော်ဂေါ်) ၉။ ရဝမ် ၁၀။ လရှီ(လာချစ်) ၁၁။ အဇီး ၁၂ ။ လီဆူး #ကယား - ၉မျိုး ၁။ ကယား ၂။ ဇယိမ်း ၃။ ကယမ်း (ပဒေါင်) ၄။ ဂေခို ၅။ ဂေဘား ၆။ ပရဲ(ကယော) ၇။ မနူမနော် ၈။ ယင်းတလဲ ၉။ ယင်းတော်။ #ကရင် - ၁၁မျိုး ၁။ ကရင် ၂။ ကရင်ဖြူ ၃။ပလေကီး (ပလေချီ) ၄။ မွန်ကရင် ၅။ စကော(ကရင်) ၆။ တလှေပွာ ၇။ ပကူး ၈။ ဘွဲ ၉။ မောနေပွား ၁၀။ မိုးပွာ ၁၁။ ပိုး(ကရင်) #ချင်း

ဓနုတိုင်းရင်းသားများ

Image
   ဓနု တိုင်းရင်သားများ သည် မြန်မာ နိုင်ငံ၏ ရှမ်းပြည်နယ်တွင် နေထိုင်မှု အများဆုံးဖြစ်ကြပါသည်။ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများအဖြစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများအဖြစ် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ကိုသာ သတ်မှတ်ထားသော်လည်း အမှန်မှာ ကလောမြို့နယ် အောင်းပန်းမြို့နယ်၊ ရပ်စောင့်မြို့နယ်၊ရပ်စောင့်မြို့နယ်၊ နောင်ချိမြိုနယ် ပြင်ဦးလွင်မြို့နယ်တို့တွင် အများအပြားနေထိုင်ကြပါသည်။ ဓနုလူမျိုးများသည် ရှမ်းအနွယ်ဝင်များတွင် ပါဝင်သည်ဟု သတ်မှတ် ခံထားရပါသည်။ ဓနုလူမိုးများတွင် ကိုယ်ပိုင်စကား ကိုယ်ပိုင်ဝတ်စုံ ယာဉ်ကျေးမှုများရှိကြပါသည်။ ဓနု လေး ၅။၁၂။၂၀၁၈