ဓနု သမိုင်း
ဓနု သမိုင်း
🌟🌟🌟
ကျွန်တော်တို့ဓနုလူမျိုးတွေဟာ လူဦးရေ ၆ သိန်းကျော်ရှိပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာ နံပါတ် ၁၀ မြောက် လူဦးရေ အများဆုံးလူမျိုးပါ။ အနီးစပ်ဆုံး အာဆီယံ နိုင် ငံထဲမှာ ဘရူနိုင်း နိုင် ငံ ကလူဦးရေ ၄ သိန်းကျော်ရှိတဲ့အတွက် ဘရူနိုင်းထက်တောင် လူဦးရေများပါတယ်။ Countries under 500000 of population လို့ရိုက်ပြီး Goog
le မှာ ဝင်၍ ကြည့်လိုက်ပါ။ လူဦးရေ ၅သိန်းအောက် နိုင် ငံပေါင်း ၆၀ ကျော်ရှိတာ တွေ့ရမှာပါ။ ဆိုလိုတာက ဓနုဆိုတာ နိုင် ငံတကာနဲ့ နှိုင်းယှဉ်ရင် တောင် မှ လူမျိုးကြီးဖြစ်ပါတယ်။
##ဓနုဘိန္နကရာဇ်မင်းကြီး
-------------------------
BC450-တကောင်းပြည်ကြီး ပျက်စီးသောအခါ ဘိန္နကမင်းကြီးသည် ဗိုလ်ခြေအလုံးအရင်းနှင့် မလည်ချောင်အရပ်ဒေသသို့ ဝင်၍နေလေသည်။
ဘိန္နကမင်းကြီး ကံကုန်သောအခါ ဗိုလ်ပါအလုံးအရင်းတို့ အုပ်စု(၃)စု ကွဲကြကုန်သည်။တစ်စုက အရှေ့မျက်နှာ(နောင်ရာဇဝင်များက ရှမ်းဟုအရေးမှား)ဓနု (၁၉)ခရိုင် တည်ထောင်ကြသည်။
နောက်တစ်စုကား ဧရာဝတီမြစ်ကို စုန်ခဲ့၍ (ပျူ မြန်မာ၊ကမ်းယံရခိုင်၊သက်ကတူး)အရပ် သုနာပရန္တတိုင်းသို့ ဝင်ကြသည်။
နောက်တစ်စုကား မိဖုရားကြီး နာဂစိန်နှင့်နေမြဲမလည်အရပ်၌ပင် နေခဲ့ကြသည့်အကြောင်း မြန်မာရာဇဝင်များတွင် မှတ်တမ်းတင်ထားခဲ့ကြသည်။
မလည်ချောင်းမှ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ရှမ်းရိုးမတောင်ခြေရင်းအတိုင်း တောင်ဘက်သို့ဦးတည်လာခဲ့ရာ
ရွှေစာရံဘုရားအနီးတွင် မြစ်ငယ်မြစ်ကို ဖြတ်ကူးသည်။
တစ်ဖန် ကျောက်ဆည်နှင့်မြစ်သားကြားတွင် ဇော်ဂျီုမြစ်နှင့်
ကူမဲအရှေ့တောင်ဖက်တွင် ပန်းလောင်မြစ်တို့ကို ဖြတ်ကူးသည်။
ထိုနောက် ရှမ်းရိုးမတောင်ခြေရင်းအတိုင်း တောင်ဘက်သို့လာခဲ့လျှင် ပြက်ခရွှေ့ တောင်ခြေအနီးသို့ ရောက်ခဲ့ကြသည်။
##ဓနုမြို့ဟောင်းကြီးများ##
ဘိန္နကရာဇ်မင်းကြီး၏ အနွယ်တော်များသည် ပျက်ခရွှေ့ တောင်အနီးအရောက်(ပင်လယ်)မိုင်းမောမြို့ဟောင်းကြီးကို တည်ထောင်ခဲ့ကြသည်။ပင်လယ်မြို့ဟောင်းကြီးကို အနောက်ဘက်ပျူ လူမျိုးများ လာတိုက်၍ ပျက်စီးသောအခါ AD(6)ရာစုခန့်တွင် ရှမ်းကုန်းမြင့်အပေါ်သို့တက်၍ ရပ်စောက်မြို့ဟောင်း ညောင်ရွှေအနီး ဗောဓိသတ်မြို့ဟောင်း
ရမ္မာဝတီမြို့ဟောင်း ဝေဠုဝတီမြို့ဟောင်း နန့်ပန်မြို့ဟောင်း စသော
ရှမ်း(ဓနု ၁၉ ခရိုင်)မြို့များကိုတည်ထောင်ကြသည်။
ကုန်သွယ်ရေးလမ်းမနှင့် ရေကို မြတ်နိုးသောဓနုတို့သည် AD(7)ရာစုနှောင်းတွင် တောင်ပိုင်းပိုးလမ်းပွားများဖြစ်သော
မိုင်းမော(ပင်လယ်)မှ နတ်ထိတ်တောင်ကြားအတိုင်း
ဗောဓသတ်မြို့ မှ ကျိုင်းတုံလမ်းတစ်လမ်း(ဂျပန်ပြေးလမ်းဟုခေါ်)
ဗောဓိသတ်မြို့ မှ ရွာငံ၊နောင်ချို သီပေါလမ်းတစ်လျှောက် နေထိုင်ကြီးပွားကြသည်။
(မှတ်ချက်။ ။သီပေါတစ်ဝိုက်မှ ဓနုမြို့ဟောင်း၊တရုတ်အခေါ်(ရှိလိယီ)အား ရှာဖွေဆဲ။
##ဓနုမြို့မှသံအဖွဲ့ခေါင်းဆောင်##
AD(8)ရာစုနှောင်းပိုင်းတွင် ရှမ်း(သို့)နန်းစောတို့၏ရန်က ပျူ နိုင်ငံအား ခြိမ်းခြောက်လာသည့်အတွက် အရေးကြီးလာသည့် သီပေါ(ရှိလိယီ)မျြို့ကို ပျူ အရှင် ရန်ကျားမင်း၏သားတော် သုနန္ဒကို ဘုရင်ခံအဖြစ် ခန့်အပ်တာဝန်ပေးတော့သည်။
ယင်းကိုထောက်ရှုခြင်းအားဖြင့် ရှိလိယီဓနုမြို့သည် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် မဟာဗျူ ဟာအရ အချက်အချာကျလာသည့်အကြောင်း သိသာသည်။
AD(7)ရာစု နန်းစော၏အပေါ် ထန်မင်းဆက် တရုတ်တို့၏ သြဇာရှိသည့်အတွက် နန်းစောနှင့်ပျူ တို့၏ ပဋိပက္ခကို အင်အားကြီးမားသော ထန်မင်းဆက်ဧကရာဇ်က ကြားဝင်ဖြန်ဖြေပေးစေလိုသည့်ဆန္ဒ ပျူ တို့တွင်ရှိသည်။
ထို့ကြောင့် နယ်ခြားဒေသနှင့် နန်းစောတို့၏အကြောင်း ကောင်းစွာနားလည်သည့် ဓနုမြို့မှ ဘုရင်ခံသားတော် သုနန္ဒကို သံအဖွဲ့ ခေါင်းဆောင်အဖြစ် စေလွှတ်ခဲ့သည်။
မင်းသားနှင့်အတူ အမတ်ကြီးနာကျကုဉ္စ။စစ်သူကြီးမဟာသေနတို့ လိုက်ပါသွားကာ(ပျူ နိုင်ငံအတွက်)အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော သံအဖွဲ့ခေါင်းဆောင်များအဖြစ် AD-802 ခုနှစ်တွင် သွားရောက်ကြသည်။
##ဓနုမြို့များပျက်စီးချိန်##
ဓနုနှင့်ပျူ များ မည်မျှပင်အလျှော့ပေးနေစေကာမူ စစ်ဘီလူးနန်းစောများသည် AD-802ခုတွင် ဗန်းမော်-တကောင်း-ဟန်လင်း-ကူမဲ မှ စစ်ကြောင်းတစ်ကြောင်း။
ယုန်ချန်-ရွှေလီ-သီပေါ-နောင်ချို-ကူမဲ မှ စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် ဝင်လာကြပြီး ပျူ နိုင်ငံတော်နှင့် ဓနုမြို့များကို ဖျက်ဆီးကာ ပစ္စည်းများသယ်ယူရန် ပျူ - ဓနု-သုံ့ပန်း(3000)ကျော်ကို ခေါ်ဆောင်သွားခဲ့သည်။
##ပုဂံခေတ်နှောင်းဓနု##
ပျော်ဘွယ်မြို့နားရှိ ဘိန္နကမြို့ဟောင်းသည် ရှမ်းများမရောက်လာမှီ(ရှမ်းဟုနောင်မှည့်တွင်) ရှမ်း ၁၉ ခရိုင် အပါအဝင်ဖြစ်သည်။
ပုဂံလေတ်နှောင်းပိုင်း ဘိန္နကမြို့ကိုအစိုးရသော ဓနုစော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ ဓနုစော်ဘွားကြီးမရှိတော့သော် သားတော်အကြီးဘိန္နကမြို့ကို မင်းပြုလျှင် ညီတော်သိင်္ခဗိုလ်နှင့် မကြည်ရှိသဖြင့် ညီတော်သိင်္ခဗိုလ်သည် အလုပ်အကျွေးစုံရာနှင့် ဘိန္နကမြို့ကထွက်၍ အစဉ်အတိုင်းပြေးခဲ့လျှင် မြန်မာနိုင်ငံဖြစ်သော ""ပြော့""တို့နေရာ မြင်းစိုင်းသို့ရောက်လာသည်။
မြင်းစိုင်းအရပ်တွင် အသိသူကြွယ်သမီးနှင့် အိမ်ထောင်ပြုဖြစ်ရာ အသင်္ခရာ။ရာဇသင်္ကြန်။သီဟသူ ဟူသော သားသုံးယောက်နှင့် သမီးတစ်ယောက်မွေး၏။နောင် ထိုသားသုံးယောက်ဓနုများသည် ပုဂံမြို့တွင် အမတ်ကြီးများဖြစ်လာသည်။အင်းဝမြို့ကိုတည်ထောင်သော သတိုးမင်းဖျားသည် ဓနုအနွယ်ဖြစ်ကြောင်း ရာဇဝင်များကဆိုလေသည်။
##ရှမ်းများဝင်လာချိန်##
AD-13ရာစုတွင် အာရှ-ဥရောပနိုင်ငံများစွာကို သိမ်းယူနိုင်သော မွန်ဂို့တို့က ရှမ်းတို့၏မျြို့တော် တာလီကို သိမ်းပိုက်ခဲ့ကြသည်။
ထိုအခါ နန်းစောမှ တိုင်(ရှမ်း)လူမျိုးများသည် မြေသြဇာကောင်းမွန်သည့် မွန်တို့ဒေသ ချောင်ဖရာမြစ်ဝှမ်းနှင့် အာသံဒေသ နောက် ဓနုတို့ဒေသများနှင့် ရွှေလီမြသ်ဝှမ်းများတွင် နေထိုက်ခဲ့ကြသည်။
AD-1238ခု မွန်ဂိုစစ်တပ် မြန်မာနိုင်ငံ ပုဂံသို့ ဝင်ရောက်လာသောအခါ ရှမ်းတို့အခွင့်ကောင်းယူ၍ နောက်သို့တိုးလာကြသည်။
ယိုးဒယားဘက်မှလည်း ရှမ်းများအလုံးအရင်းနှင့် ဝင်လာသည့်အတွက် ဓနုလူမျိုးတို့သည် ဗောဓိသတ်။နန့်ပန်မြို့များမှ ပင်းတယ။ရွာငံဘက် ဆုတ်လာရသည်။နောက် သီပေါ (ရှိလိယီ)မြို့ပျက်များမှ ဓနုလူမျိုးများသည်လည်း ရွှေလီ-မူဆယ်ဘက်မှ ရှမ်းများအလုံးအရင်းနှင့်ဝင်လာသည့်အတွက် ပိုးလမ်းမအတိုင်း ဆုတ်လာပြီးနောက် နောင်ချို အရောက်တွင် ဂျပန်ပြေးလမ်းခေါ် ဓနုရှေးဟောင်းလမ်းအတိုင်း ဖြည်းဖြည်းချင်း ဆုတ်လာခဲ့သည့်အတွက် ယခုနောင်ချိုတစ်ဝိုက်နှင့်တောင်ဘက်အတိုင်း ကံကြီး-တောင်းခမ်း-ကျောက်ဂူ-အင်တော-ရွာငံ-ပင်းတယ-နတ်ထိတ်တောင်ခြေအထိ
ဓနုရွာတန်းရှည်ကြီး ကျန်ရစ်ခဲ့ရခြင်းဖြစ်သည်။
##ဓနုစကား##
ဘုရင့်နောက်လိုက် လေးသည်တော်များအခြေစိုက်နေထိုင်ရာမှ ဓနုလူမမျိုးဖြစ်ပေါ်လာသည်ဆိုလျှင် ဤမျှပျံ့နှံ့သော ဓနုလူမျိုး
ရွာများ လူနေမှုအခြေအနေ ဖြစ်ပေါ်လာနိုင်စရာကား အကြောင်းမရှိခြေ။သီပေါ ညောင်ရွှေ ဘိန္နက(ပင်လယ်) မိုင်းမောတို့မှ ရှေးဟောင်းပျူ ပစ္စည်းများနှင့် ဓနုဆက်စပ်မှုကိုလည်း ထည့်တွက်ရမည်။
ရှမ်းပြည်နယ်ရှိ ဓနုဘာသာ ရွာအမည်များနှင့်
ရှမ်းနာမည်ပြောင်းသွားသော ရွာ မြို့ အမည်များလည်း ထည့်တွက်စဉ်းစားရမည်။
ဥပမာ--ရှမ်းအမည်က သီပေါ။ရှမ်းမလာခင် AD-8ရာစုက(ရှိလိယီ/ရှိလီ)။ နောက် နောင်ချို မတွင်ခင်က အင်းစိမ်းစခန်း စသည်ဖြင့် ပျူ ခေတ်မှသည် ယနေ့ခေတ်အထိ ဓနုစကားနှင့်မြန်မာစကား ဆက်နွဟ်နေပုံမှာ စိတ်ဝင်စားစရာကောင်းလှသည်။
အနည်းငယ် ဖော်ပြပါမည်။
(က)ပျူ ခေတ်က "ထမ်းဖီ"၊ယခုဓနုကလည်း"ထမ်းဖီ"။
ပျူ က "ထမ"၊ဓနုကလည်း"ထမ"။
ပျူ က"ဖဆိုး"။ဓနုကလည်း"ဖဆိုး""စသည်ဖြင့် ပျူ ခေတ်စကားနှင့် နီးစပ်နေသည်။
(ခ)ပုဂံခေတ်က"ခိ"(ထိ)၊ဓနုကလည်း"ခိ"(ထိ)။
ပုဂံခေတ်က"တို့နောင်"၊ဓနုကလည်း"တို့နောင်"။
ပုဂံခေတ်က"ဖကီး"၊ဓနုကလည်း"ဖကီး"။
(ဂ)ခုခေတ်မုံရွာက"ဒုတ်မီး"၊ဓနုကလည်း"ဒုတ်မီး"။
ခုခေတ်မုံရွာက "လောပစ်လိုက်" ဓနုကလည်း"လောပစ်လိုက်"
စသည်ဖြင့် ဓနုလူမျိုးများနှင့် ဆက်နွယ်မှုရှိနေပါကြောင်းးးးးး။
Crd..ဆယ်တောင်ပြည့်စာတော်ပြန်ပွဲ နှစ်ငါးဆယ်ပြည့်ရွှေရတု စာစောင်မှ (ကိုထိုက်-ဓနုမြေ)၏ စာမူ။
PHOTO
စိုင်းလူခေး
အိမ်ပြန်ဖို့ ရမသေးပေမဲ့ သတိကတော့
ရနေတော့ လွမ်းနေတယ် ငါ့တို့ ဓနုမြေ
ပင်းတယ သား
အောင်စစ်ကျော်

Comments
Post a Comment