ရှမ်းပြည်မှ လေ့လာစရာများ၊ Shan state, Burma

#ရှမ်းပြည်နယ်

ရှမ်းပြည်နယ်ဟာမြန်မာနိုင်ငံမှာအကြီးဆုံး
ပြည်နယ်ဖြစ်ပါသည်။အုပ်​ချူပ်​​ရေးလွယ်
ကူးစေရန်​တောင်​ပိုင်းမြို့​တော်​ကို ​တောင်​ကြီးအဖြစ်​ သတ်​မှတ်​ထားသည်​။
အကျယ်​အဝန်းက​တော့ ဧရီယာစတုရန်းမိုင်​​ပေါင်း (၆၁၁၂၃) မိုင်​ကျယ်​ဝန်းသည်​။
ရှမ်းပြည်နယ်ကို၃ပိုင်းခွဲခြားထားခဲ့ရာရှမ်း၃ရှမ်းဖြစ်လာခဲ့ပါသည်။ရှမ်းပြည်နယ်ရဲ့
မြို့တ်ာဟာ ပေပေါင်း၄၇၁၂ပေရဲ့အထက်
မှာတည်ရှိနေတဲ့တောင်ကြီးမြို့လေးပါ။
ရှမ်းပြည်နယ်တွင်ရှမ်း - ရှမ်း၊ဓနု၊ ယွန်း(လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော်
( အခါအိကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊
ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း
ဟူ၍ ရှမ်းအနွယ်ဝင် ၃၃မျိုးနှင့် အခြားတိုင်းရင်းသားများနေထိုင်
ကြပါသည်။တိုင်းရင်းသားတို့စုပေါင်းနေထိုင်ပြီးဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ကာ၊အစ္စလာမ်၊ခရစ်ယာန်၊အိန္ဒူ၊စတဲ့အခြား
ဘာသာဝင်တွေ့လည်းအနည်းအငယ်
နေထိုင်ကြပါသည်။

🏃#မဖြစ်မနေသွားသင့်သောနေရာများ

#မြန်မာနိုင်ငံ၏အကြီးဆုံးဂူသို့(မဟုတ်)လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ခန့်ကကျောက်ခေတ်
လူသားများနေထိုင်ခဲ့သောပြဒါးလင်းဂူ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုန်းတွင်းပိုင်း အရှေ့တောင်အာရှ နိင်ငံများအနက် မြန်မာတနိင်ငံအတွင်းမှာသာ တွေရှိရသောကြောင့် တန်ဘိုးမဖြတ်နိင်ပါ။(ဘရူနိင်း နိင်ငံတွင်တွေ့ရ)
၎င်းအပြင် ပြဒါးလင်းဂူသည်
ပြင်သစ်နိင်ငံမှ ကျောက်ခေတ်လူသားတို့ နေထိုင်ရာကမ္ဘာကျော် Lascaux ဂူ၊ စပိန်နိင်ငံမှ Consquer ဂူ များအတွင်းမှ အနုပညာလက်ရာများနှင့်မြန်မာ့ ရေမြေပေါ်မှလက်ရာများသည်လည်း ဆင်တူရိုးမှား တညရှိနေသောကြောင့် ပြဒါးလင်းဂူသည် နိင်ငံ နှင့်လူမျိုးအတွက် အလွန် အရေးကြီး အဖိုး တန်သော ဂူ ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။.
                                #အောင်ပန်းသားသခင်
#ဂုတ်ထိပ်တံတား
ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတား
============================
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ် ဟုခေါ်
သောရွာတစ်ရွာ ရှိပါတယ်။ ထိုရွာကိုမြန်မာတို့က ငုတ်ထိပ်ဟုခေါ်ပြီး ကာလရွေ့လျောသောအခါ ငုတ်ထိပ်မှ ဂုတ်ထိပ်ဖြစ်လာပါသည်။ ထိုရွာအနီးတွင် တည်ဆောက်တဲ့ နည်းပညာအဆင့်မြင့်မှု နဲ့ သဘာဝပတ်ဝန်းကျင်အလှအပကြောင့် ကမ္ဘာ့အံဖွယ်စာရင်းတွင် ပါဝင်
ခဲ့တဲ့ တံတားတစ်စင်းရှိပါတယ်။ ထိုတံတားကို ဂုတ်ထိပ်တံတားဟုခေါ်
ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံ
တားကြီး တစ်စင်းလည်းဖြစ်ပါသည်။
                               #အောင်ပန်းသားသခင်

#မြသပိတ်ရေပြာအိုင်
တာကြယ်ရွာ၊ မြသပိတ်ရေပြာအိုင် ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ မြေသားလမ်းခွဲ အတိုင်း မိုင်ဝက်ခန့်မျှ သွားလိုက်လျှင် ထူးထူးခြားခြား မှိုင်းပြာညို့စိမ်းနေသော မြသပိတ် ရေပြာအိုင်ကို တွေ့နိုင်ပါသည်။
ရေ၏အရောင်အသွေး ကြည်လင်သန့်ရှင်းလှသောကြောင့် ကန်အတွင်းပိုင်းရှိ နစ်မြုပ်နေသော သစ်ကိုင်းများ၊ ကျောက်တုံးများ၊ ကူးခတ်နေသည့် တပေခန့်ကြီးသော ငါးကြီးများကို အတိုင်းသား မြင်လိုက်ရသည့်အခါ ဟာခနဲ မရေရွတ် မိစေရန်တော့ သတိထားသင့်ပါသည်။

မန္တလေးမြို့အနီးရှိ ဒီးဒုတ် ရေပြာအိုင်မှာ အပြာနုဖြစ်ပြီး ရေမှာလည်း ယခု မြသပိတ်အိုင်ကဲ့သို့ အထူးတလည် ကြည်လင်ခြင်း မရှိပါ။ နောက်တချက်မှာ မြသပိတ် ရေပြာအိုင်ကြီး၏ သက်တမ်းကို မည်သူမှ အတိအကျပြောနိုင်ခြင်း မရှိသေးပါ။
                                       #အောင်ပန်းသားသခင်
#စီပွားရေရွှေမြို့တော်
ရှမ်းပြည်နယ်ကို ရောက်ရင် အောင်ပန်းမရောက်
ဖူးသောသူများကို ရှမ်းပြည်နယ်ကို မရောက်ဖူး
သောသူဟုသတ်မှတ်လို့ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
အောင်ပန်းမြို့ဟာ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးကုန်စည်ဒိုင်(၁၃)ခု ရှိသည်
အနက်အကြီးဆုံးစည်းပွားရေး ကုန်စည်
ဒိုင်ကိုပိုင်ဆိုင်ထားသောမြို့တစ်
မြို့ဖြစ်ပါသည်။အောင်ပန်းမြို့သည်
သဘာဝအလှအပနှင့်သဘာဝ
မြေသြောဇာကိုပိုင်ဆိုင်ထားသောမြို့
တစ်မြို့လည်းဖြစ်ပါသည်။
လမ်းဆုံကြသောမြို့တစ်မြို့လည်းဖြစ်ပါ
သည်။အောင်ပန်းမြို့ဒေသထွက်
သီးနှံများမှာ အာလူး ၊ခရမ်းချဉ်သီး ၊ဂျင်း၊
ဂေါ်လခါးသီး ၊ ဂျူးမြစ် ၊ သစ်တော်သီး ၊ခါးကြက်ဥ ၊ကြက်သွန်ဖြူ/နီ၊ဂေါ်ဖီထုပ်၊ပန်းမုန်လာပွင်၊ပဲတောင့်ရှည်
လိမ္မော်သီး နှင့် အခြားသီးနှံမျိုးစုံကို
ထွက်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။
အောင်ပန်းမြို့တွင်ဓနုတိုင်းရင်သားအများ
ဆုံးနေထိုင်ပြီး ပအိုဝ်၊ဗမာ၊တောင်ရိုး၊
ရှမ်းနှင့် အခြားတိုင်းရင်းသားများစွာ
နေထိုင်ကြပါသည်။အလှူအတန်းမှာ
လည်းတစ်မူးရှိရင်တစ်ပဲလှူတတ်သော
မြို့ဖြစ်သလို့် ပင်လောင်းပြီးရင် မြန်မာ
နိုင်ငံမှာ ဒုတိယအလှူအတန်းအကြီးဆုံး
မြို့ဖြစ်ပါသည်။
အောင်ပန်းမြို့တွင်ထင်ရှားသော
အဆောက်အအုံများမှာ
၁/ကုတင်၇၀၀စစ်ဆေးရုံ
၂/ဗိုလ်မှုးကြီးဗထူးကျောက်တိုင်
တို့ဖြစ်ကြပါသည်။
ရှမ်းတောင်တန်းသို့အလယ်လာမည်
ဆိ

Comments

Popular posts from this blog

တိုင်းရင်းသား ၁၃၅ မျိုး အကြောင်း

ဓနု သမိုင်း