ဓနုတိုင်းရင်သားများ
ဓနု(တောင်ရိုး)တိုင်းရင်းသား ################## ဓနုလူမျိုးဟူသည် ၊ ရှေးကရှမ်းပြည်မြေလတ်ပိုင်း နယ်တစ်ကြောတွင်သာ နေထိုင်ကြသည်မဟုတ် မိုးကုတ် မိုးမိတ် မြောက်ပိုင်းရှမ်းပြည် ကျောက်မဲ သီပေါ နောင်ချို မေမြို့အနီးတဝိုက်နှင့်ရွာငံ ပင်းတယ အောင်ပန်းနယ် ကလောနယ် ရပ်စောက်နယ် တောင်ကြီးနယ် ဟဲဟိုးနယ် တီကျစ် ပင်လောင်းမှစ၍ ပျဉ်းမနား အရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတလျောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက်တောင်တန်း တောင်ကြား လွင်ပြင်မြင့်များ၌ အနှံ့အပြားနေထိုင်ခဲ့ကြသည်ဟု သမိုင်းသုတေသီများက ဖော်ပြခဲ့ကြသည်။ မြေလတ်ဒေသဟူသည် တောင်ရိုးလူမျိုးများလည်း နေထိုင်ကြသည့် ပင်းတယမြို့နယ် ရွာငံမြို့နယ် ကလောမြို့နယ် အတွင်းရှိ နယ်မြေများဖြစ်သည်။ ဓနုလူမျိုး ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်၍ -- ဓနုတို့သည် ပရက်ဆိုသော အမျိုးအနွယ်မှ ဆင်းသက်လာပြီး မွန်တို့နှင့်နီးစပ်သည်ဟု ဓနုအမျိုးသားများက ပြောကြသည် ဟုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော တိဗက်တိုဘားမင်းအုပ်စုထဲမှ ရခိုင် ထားဝယ် တောင်ရိုး အင်းသား ရဘိန်း ဓနု ယော စသည့်လူမျိုးများပါဝင်သော အရှေ့တိဗက်တိုဘားမင်းမျိုးနွယ်စုထဲမှ မြန်မာအဆက်အနွယ်များသာ ဖြစ်ကြသည် ဟူ၍လည်းကောင